ဝက်ဘ်ဆိုဒ်မှ လွယ်ကူစွာမှာယူနည်း

TZ Beauty ဝက်ဆိုဒ်အတွင်းသို့ မိမိ၏ဖုန်းမှ ဝင်ရောက်သည်လိုက်သည်နှင့် ရောင်းကုန်ပစ္စည်းများအား တွေရမည်ဖြစ်သည်။ ပင်မစာမျက်နှာတွင် ရောင်းကုန်အမျိုးအစားအားလုံးအားဖော်ပြထားသည်။ ရွေးချယ်ကြည့်ရှုလိုပါက “အမျိုးအစားအားလုံး” ဟုဖော်ပြထားသော အကွက်လေးကိုနှိပ်လိုက်သည်နှင့် ကျန်းမာရေး ၊ ဆံပင် အစရှိသည်ဖြင့် အမျိုးအစားအလိုက် စီစစ်ရွေးချယ်နိုင်သည်။

ဝယ်ယူရန်အဆင့်များ

၁ – ဝင်ရောက်ရှာဖွေပါ။ ဓါတ်ပုံကိုနှိပ်လိုက်သည်နှင့် ပစ္စည်းအသေးစိတ်ဖော်ပြချက်များကိုတွေ့ရမည်။ အသေအချာဖတ်ပါ။ ကြိုက်နှစ်သက်သောပစ္စည်းတွေ့ပါက “ခြင်းထဲထည့်မည်” ခလုပ်လေးကိုနိပ်၍ ခြင်းထဲထည့်ပါ။

၂ – ထည့်လိုက်သည်နှင့် အောက်ခြေရှိ ဈေးဝယ်ခြင်းလေးတွင် အရေအတွက်ဖော်ပြလာသည်ကိုတွေ့ရမည်။ စိတ်ကြိုက်ထည့်ပြီးလျှင် ဈေးဝယ်ခြင်းပုံလေးအားနှိပ်လိုက်ပါ။ ထိုအခါ မိမိဖုန်း၏ အပေါ်မှ ဝယ်ယူမည့် ပစ္စည်းစာရင်းကျဆင်းလာသည်ကိုတွေ့ရမည်။ စိတ်ပြောင်း၍ အချို့ ပစ္စည်းများကိုဖြုတ်ချင်ပါက ညာဘက်ရှိ ကြက်ခြေခတ်အားနှိပ်၍ ဖြုတ်ပစ်နိုင်သည်။ အခြားပစ္စည်းများ ထပ်ထည့်လိုပါက အဆင့်-၁ သို့ပြန်သွားပါ။

၃ – အပေါ်မှကျဆင်းလာသည့် စာရင်းလေးအား screen shot ရိုက်ပါ။ ပြီးလျှင် အောက်ခြေရှိ ဆက်သွယ်ရန်ကိုနှိပ်ပါ။ ဆက်သွယ်ရန်အားနှိပ်လိုက်လျှင် Viber, Messenger, Telegram နှင့် တိုက်ရိုက်ဖုန်းခေါ်ဆိုရန် ခလုတ်ပါသည့် ဘောက်စ်ကလေးပေါ်လာမည်။ မိမိကြိုက်နှစ်သက်သည် ချန်နယ်အားနှိပ်၍ screen shot လေးအားပို့၍မှာယူပါ။

၄- TZ Beauty မှ အထက်ပါ screen shot လေးရသည်နှင့် ချက်ခြင်းပြန်ဆက်သွယ်လာပါမည်။ လိပ်စာ၊ ဖုန်းနံပါတ်နှင့် အသေးစိတ်ကိုပြောဆိုပြီးပါက အားလုံးအဆင်သင့်ဖြစ်ပါပြီ။ TZ Beauty မှ သင်မှာယူသောပစ္စည်းများအား လုံခြုံစိတ်ချစွာ ထုတ်ပိုး၍နောက်တစ်ရက်အတွင်းပို့ဆောင်ပေးပါမည်။